ပင်းတ ဧပြီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နှစ်သစ်အချိန်အခါတွင် ဒေသအတွင်းရှိ တန်းခိုးကြီးဘုရားစေတီပုထိုးများ၊ အထင်ကရ နေရာများ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများနှင့် လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ တန်ခိုးကြီးဘုရားနှင့် စေတီပုထိုးများဖြစ်သော ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူ၊ ကုံလုံစဉ့်စံကျောင်းတော်နှင့် အခြားသောတန်ခိုးကြီး စေတီပုထိုးများသို့ အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များက လာရောက်ဖူးမြော် လှူဒါန်းကြပြီး မြို့နယ်အတွင်းရှိ အထင်ကရနေရာများဖြစ်သော သဘာဝပုန်းတလုတ်ရေကန်၊ ဇော်ဂျီရေထွက်ချောင်းနှင့် အခြားသော အထင်ကရနေရာများ၌ ရပ်ဝေး၊ ရပ်နီးမှ လာရောက်ကြသော ပြည်သူများနှင့် ဒေသအတွင်းရှိ ပြည်သူများက မိသားစုများ၊ ဆွေမျိုးအသိုင်းအဝိုင်းများ၊ အပေါင်းအသင်း မိတ်ဆွေများနှင့်အတူ ပျော်ရွှင်အေးချမ်းစွာဖြင့် လာရောက်အပန်းဖြေလျက်ရှိကြကြောင်း သိရှိရသည်။
ရဲထက်ဦး(ပြန်/ဆက်)