ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ်အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဘူးသီးတောင် ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များအား နွေရာသီကာလ ရာသီဥတု ပူပြင်းလာပြီဖြစ်သည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများအား ဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောပြီး လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗဟုသုတရရှိစေရန် စာကြည့်တိုက်သို့ လာရောက်၍ မိမိအတွက် အကျိုးရှိမည့် စာအုပ်များကို လေ့လာဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ လူငယ် (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)