မိုင်းလုံ ဧပြီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club)အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ ကသစ်ဦး ရေးသားထားသော "နွယ်မြက်သစ်ပင် ဆေးဖက်ဝင်" စာအုပ်ဖြင့် ဆွေနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူသားတို့၏ နေ့စဉ်နေ့တိုင်း အစားအသောက် အာဟာရကို စားသုံးမှီဝဲနေထိုင်ရသောကြောင့် "အစာလည်းဆေး ဆေးလည်းအစာ"ဆိုသည့် စကားအတိုင်း အာဟာရကို ဂရုပြုစားသုံးရန်အတွက် လမ်းညွှန်ထားသည့် စာအုပ်ဖြစ်သောကြောင့် တိုင်းရင်းဆေးနည်း ဗဟုသုတများကို ရရှိကြောင်း ရှေးဦးစွာ ပြောကြားပြီးမှ ဈေးရပ်ကွက်နေ စိုင်းလပြည့်မှ "ဆေးစွမ်းထက်မြက် ကြိတ်မှန်ရွက်" အကြောင်းကိုလည်းကောင်း၊ ဈေးရပ်ကွက်နေ ဦးစိုင်းသစ်မှ"ဆီးရောဂါအတွက် ဆေးပြီးတို" အကြောင်းတို့ကို ဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်ရောက်သော ဝါသနာရှင်များကလည်း မိမိတို့သိသော အကြောင်းအရာများကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြပြီးနောက် မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူငယ်များစာပေကို ချစ်မြတ်နိုးတက်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ရကြောင်း ပြောကြားခဲ့သည်။
ဇော်ဇော်(ပြန်/ဆက်)