ဥတ္တရသီရိ ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ဇင် ရေးသားသည့် “အိပ်မက်ကောင်းကင်”လူငယ်ဝတ္ထုတိုများစာအုပ်မှ အကြောင်းအရာများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ဧပြီလ၂၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာမ ဇင် ရေးသားသည့် “အိပ်မက်ကောင်းကင်” လူငယ်ဝတ္ထုတိုများ စာအုပ်ပါ အကြောင်းအရာများကို နေပြည်တော် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ၊ စာရေးဆရာမ(ရဿဝတီမေနန်း)၊ စာရေးဆရာ စိန်ဝင်းနွယ်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ ဟန်ညွှန့်(ယဉ်ကျေးမှု)၊ စာရေးဆရာ ရွှေလက်ပံ(မဲဇလီ)၊ စာရေးဆရာ မောင်မောင်တာ (သဘာဝ)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)တို့က အသီးသီးဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)