မတ္တရာ ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာနှင့် အခြေခံတရုတ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာကြီးဦးကျော်ထွန်းမှ သင်တန်းကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းသားများအား အချိုရည်နှင့် မုန့်များပေးဝေခဲ့သည်။
အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းကို နေ့စဉ် နံနက် ၁၀ နာရီမှ ၁၁ နာရီအချိန်အထိ၊ အခြေခံတရုတ်စာသင်တန်းကို သင်တန်းနည်းပြဒေါ်သွယ်စုမွန်မှ ညနေ ၄ နာရီမှ ညနေ ၅ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လတာ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းရက်မှန်ဆုများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)