ညောင်ဦး ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က လေပြင်း တိုက်ခတ်မှုကြောင့် မိုးလန်ပျက်စီး သွားသည့် လူနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း နှင့် ရန်ပုံငွေများကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် တက်မကျေးရွာအုပ်စု၊ သပွတ်စုကျေးရွာတွင် ယမန်နေ့ နံနက် ၇ နာရီတွင် တိုက်ခတ်ခဲ့သည့် လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ၊ (၁၀၅၀၀)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံ ငွေ(၁၁၀၅၀၀)အား လေဘေး သင့်အိမ်ထောင်စု(၂)စုသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း