ငပလီ​မြို့၌ လူငယ်​ရေး​ရာအသိပညာ​ပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ငပလီ ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ Community Centre အနုပညာခန်းမ၌ က​​လေးအလုပ်သမား ပပျောက်​​ရေး အသိပညာ​​ပေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရှောင်ရှားနိုင်​ရေး အသိပညာ ပေး ဟောပြောပွဲကို ယ​နေ့ နံနက်(၁၀) နာရီက Community Centre အနုပညာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကာကွယ်​စောင့်​ရှောက်မှု လိုအပ် သော က​လေးသူငယ်များ၊ ဥပ​ဒေ​ဖြင့် ကာကွယ်​ပေးထားသော ရပိုင်ခွင့်၊ က​လေးနှင့် ရပိုင်ခွင့်၊ မူးယစ်​ဆေးသုံးစွဲ​​ခြင်း ဆိုးကျိုးများအား ကျောင်းသားလူငယ်နှင့် စာ​ပေဝါသနာရှင်များ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။

၎င်း​နောက် ကျောင်းသားလူငယ်နှင့် စာ​ပေဝါသနာရှင်များက နံရံကပ်စာ​စောင်နှင့် ခင်းကျင်း​ပြသထား​သော စာအုပ်စာစောင်များကို ​စိတ်ဝင်တစား​လေ့လာကြည့်ရှုခဲ့​ကြကြောင်း သိရသည်။

မြင့်မြင့်အေး(ငပလီပြန်/ဆက်)