ဥတ္တရသီရိ ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များအမိုးလန်ခြင်း၊ ပြိုလဲခြင်း၊ သစ်ပင်များ ကျိုးပဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် မင်းကုန်းကျေးရွာအတွင်းရှိ နေအိမ် ၈ လုံး၊ တောင်ညိုကျေးရွာအတွင်းရှိ နေအိမ် ၇ လုံး၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာအတွင်းရှိနေအိမ် ၂ လုံး၊ တောင်ညိုကျေးရွာအုပ်စု၊ အောင်ချမ်းသိမ်း ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးနှင့် ဘုရားတောင်ကျေးရွာအတွင်းရှိ ပညာရေးဝန်ထမ်းအိမ်ရာ ပေ ၁၂၀ အဆောင် ၁ လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)