စမ်းချောင်း ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗားကရာတိုက်၊ မင်္ဂလာမှန်ကျောင်း၌ ယမန်နေ့ နံနက် (၉)နာရီအချိန်က ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဂိုဏ်းပေါင်းစုံ သံဃာတော်အပါး (၁၁၁၁၁) ပါး ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို မြို့နယ်သံဃာနာယကဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်တို့ဖြင့် စမ်းချောင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ပါဝင်လောင်းလှူနိုင်ရေး ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နီလာစိုး