ဝမ်းတွင်း ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သည့် နှိုးဆော်အသိပညာပေးခြင်းများကို လိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
သတိပြုရမည့် အပူဒဏ်အန္တရာယ် နှိုးဆော်ချက်များတွင် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း(Heat Exhaustion)တွင် ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တတ်ခြင်း၊ နုံးချိပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်း(Heat Stroke)တွင် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း(သို့)ချွေးခမ်းခြောက်ခြင်း၊ ကယောင်ကနမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းစသည့်တို့ ဖြစ်ပေါ်ခံစားရတက်ပြီး ပြည်သူများအနေဖြင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်ကြုံတွေ့ရလျှင် အရေးပေါ်ရှေးဦးပြုစုခြင်းအနေဖြင့် အရိပ်ရ၍အေးမြသောနေရာတွင် နေပါ၊ လေပန်ကာ လေအေးပေးစက်ဖွင့်ထားပေးပါ (မရှိပါက)ယက်ခပ်ပေးပါ၊ ခြေရင်းဘက်ကိုမြှင့်ထား၍ ပတ်လက်အနေထားဖြင့်နေပါ၊ အဝတ်အစားများကိုချွတ်ပါ၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေဘက်တိုက်ပေးပါ၊ သတိရနေပါက ရေအေးအေး(သို့မဟုတ်) ဓာတ်ဆား တိုက်ပေးရန်လိုအပ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အရိပ်ရ၍ အေးမြသောနေရာတွင် နေပါ၊ မိမိအသားကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်း ပုခုံးတို့ပါ လုံခြုံသော အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိသည့် ချည်ထည်များကို ဝတ်ဆင်ပါ၊ နေ့ခင်းနေ့လယ်အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ပေးပါ၊ ရေများများသောက်ရန်လိုအပ်ပါကြောင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များအရ သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)