ပြင်ဉီးလွင်မြို့ရှိ   ကုတင် ( ၃၀၀ )  ဆံ့ ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးနှင့်  ရေစီးရေလာကောင်းမွန်စေရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပြင်ဦးလွင် ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဦးလွင်မြို့ရှိ   ကုတင် ( ၃၀၀ ) ဆံ့ ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့ နံနက်  ( ၇:၃၀ ) နာရီက  အဆိုပါ ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင်တစ်လျှောက်တွင်   ကျင်းပပြုလုပ်ခဲ့သည် ။

ပြင်ဉီးလွင်မြို့နယ်အတွင်း နေထိုင်ကြသော  ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်စေရေး ၊ သန့်ရှင်းသာယာလှပသော  ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေး နှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်   စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  ပြင်ဉီးလွင်တပ်နယ်မှ     အရာရှိစစ်သည်များနှင့်တပ်ဖွဲ့ဝင်များ ၊    ပြင်ဉီးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး  နှင့် ခရိုင်ရဲတပ်ဖွဲ့ ၊  မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊  ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ နှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊  စုစုပေါင်းအင်အား   ( ၃၁၀  ) ဉီးခန့်တို့က  အမှိုက်များရှင်းလင်းခြင်းနှင့် ရေဆင်း / ရေထွက်ပေါက်များကို အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်လျက်ရှိသည် ။

အဆိုပါ  စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသည့်   ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင်   တစ်လျှောက်နေရာများသို့   ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း    တာဝန်ရှိသူတစ်ဉီး၏  ပြောကြားချက်အရ   သိရသည် ။

ခရိုင် ( ပြန်/ဆက်)