မိုင်းကိုင် ဧပြီ ၂၃
(၂၆) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းနှင့် ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ Community Center ခန်းမတွင် ကျင်းပရာ မြို့တွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသီးသီးလာရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှုူး သန်းထွန်းနှင့် ရဲအရာရှိများ၊ နယ်မြေခံတပ်ရင်းမှ အရာရှိနှင့် စစ်သည်များ၊ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်ပန်းချီ၊ ကာတွန်းဆုများ ရွေးချယ်ကြီးကြပ်ကာ ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို နေ့လယ် ၁ နာရီတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
ပြည့်ဖြိုးမောင်