မတ္တရာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇၅) လုံး ပျက်စီး

မတ္တရာ ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် ပေါက်ဝဲကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဆူးကားကျေးရွာ၊ တောင်ပြုံးကျေးရွာနှင့် ညောင်ကုန်းကျေးရွာများမှ လူနေအိမ် (၇၅) လုံး အိမ်ထောင်စု (၇၅)စုမှ ကျား (၁၄၂) ဦး၊ မ(၁၉၁)ဦး၊ စုစုပေါင်း(၃၃၃)ဦး လေဘေးသင့်ခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၂၉၁) သိန်း ဆုံးရှုံးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လေဘေးသင့် ပြည်သူများ၏ စားသောက်နေထိုင်ရေးများအား သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

စိုးကျော်သူထွေး (မတ္တရာ)