မြစ်ကြီးနား ဧပြီ ၂၂
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့တွင်းလမ်းများ အဆင့်မြင့် တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် မြို့နယ်စည်ပင်သာယာစည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဂျွန်စယ်၊ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၇ ဒဿမ ၀၄၀ သန်းဖြင့် ရပ်ကွက်(၁) အမှတ် (၃) နှင့် အမှတ် (၄) ကြားရှိ သပြေကုန်း နယ်မြေအတွင်း အရှည်ပေ ၄၁၀ လမ်းပိုင်းအား အမာခံသဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက် သွားမည့် အခြေအနေများနှင့် အဆိုပါလမ်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် Box Culvert တည်ဆောက်သွားမည့် အစီအစဉ်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)လမ်းမတစ်လျှောက် ရန်ပုံငွေကျပ် (၆၉ ဒဿမ ၈၅) သန်းဖြင့် ၆၂၂ ပေအရှည်၊ အကျယ် ၄ ပေရှိ အုတ်ရေမြောင်းတည်ဆောက်သွားမည့် အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်(၂)အတွင်း ရန်ပုံငွေကျပ် (၃၀ ဒဿမ ၇၅၀) သန်းဖြင့် ဦးအောင်ဇေယျလမ်း (KBC ရှမ်းဘုရားကျောင်းရှေ့) လမ်းအရှည်ပေ ၄၃၀ အား အပိုင်း (၂)ပိုင်းခွဲ၍ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးက လမ်းလုပ်ငန်းများအား စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ရေရှည်တည် တံ့စေရေး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူ များအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးရုံး၌ အမှုဆောင်အရာရှိ၊ အင်ဂျင် နီယာများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ဝိုင်းမော်မြို့သည် ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိသည့် မြို့တစ်ခုဖြစ်သည့်အတွင်း စဉ်ဆက်မပြတ် သန့်ရှင်း သာယာလှပလာစေရန် ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက် )