ညောင်ဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီး

ညောင်ဦး  ဧပြီ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ယနေ့နံနက် နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တက်မကျေးရွာအုပ်စု၊ သပွတ်စုကျေးရွာတွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ဒိုင်း/မျှားတန်းတို့ ပျက်စီးခဲကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တက်မကျေးရွာအုပ်စု၊ သပွတ်စုကျေးရွာနေ ဦးသိန်းနိုင် ပိုင်ဆိုင်သော ၂၀ ပေပတ်လည် သွပ်မိုး၊ ထရံကာ တစ်ထပ်လူနေအိမ်၏ ၁၁ ပေသွပ် ၁၀ ချပ်၊ ဒိုင်း/မျှားတန်း ၁၀ ချောင်း ပျက်စီးခြင်း၊ ဒေါ်သန်းလှိုင် ပိုင်ဆိုင်သော ၂၀ ပေ ပတ်လည်၊ သွပ်မိုး၊ ထရံကာ တစ်ထပ်လူနေအိမ်၏ ၁၂ ပေသွပ် ၁၀ ချပ်၊ ဒိုင်း/မျှား တန်း ၁၀ ချောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည်များ သွားရောက် ကူညီပေးခဲ့ကာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများက လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း