ပုဗ္ဗသီရိမြို့နယ်၌ (၂၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ရဲတပ်ဖွဲ့မှဦးစီး၍ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ဒုတိယတိုင်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးသိန်းဦး ဥတ္တရခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းနှင့်အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး သန်းဇော်ထူး၊  ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစံသူ၊ ဇေယျာသီရိခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ဦးနှင့် ဒုခရိုင်ရဲတပ်ဖွဲ့မှူး များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မူးယစ်တပ်ဖွဲ့စု (၁၀၁) မှ ရဲမှူးခင်မောင်ဆွေမင်း၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာ ဒေါ်မာမာဇင်နှင့် ကျောင်းအုပ် ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြီးကြပ်၍ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မူးယစ်ဆေးဝါးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်၊  မူးယစ်ကင်းစင်တို့ ပြည်တခွင်သာယာလှပလူမှုဘဝ၊  ငါတို့ရဲ့အနာဂါတ် သာယာလှပဖို့ မူးယစ်ကင်းစင် ကမ္ဘာဖန်တီးစို့၊  မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်မှန်သမျှတိုက် ထုတ်စို့၊ လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြစသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)