ဒလမြို့နယ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်တို့မှ သောက်သုံးရေများလှူဒါန်း

ဒလ ဧပြီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပူပြင်းခြောက်သွေ့သောနွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် ဧရာဝတီရေတပ် စခန်းဌာနချုပ်တို့မှ သောက်သုံးရေများကို ဧပြီလ ၂၁ ရက်နေ့ နံနက်(၈)နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ မှော်စက်ရပ်ကွက်နှင့် ဗညားဒလရပ်ကွက်ရှိ နန်းဦးပရိယတ္တိ စာသင်တိုက်သို့ လှူဒါန်းခဲ့ကြသည်။

အဆိုပါ သောက်သုံးရေများလှူဒါန်းခြင်းကို ဧရာဝတီရေတပ်စခန်းဌာန ဌာနချုပ်မှူး၊ ဒလတပ်နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ကမာကဆစ် ရပ်ကွက်နှင့်မှော်စက် ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု(၂၂၈၃)စု၊ လူဦးရေ စုစုပေါင်း(၉၁၃၂)ဦးအတွက် သောက်သုံးရေ ဂါလံ(၂၅၀၀၀)ကို ရပ်ကွက်ရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြပြီး ဗညားဒလရပ်ကွက်ရှိ နန်းဦးပရိယတ္တိ စာသင်တိုက်သို့ ဒလတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်အေးမင်းထွေးက လှူဖွယ်ပစ္စည်းများ သွားရောက် ဆက်ကပ်လှူဒါန်း၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)