ချမ်းမြသာစည် ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၇၃လမ်း ၁၀၂ x ၁၀၇လမ်း ကြားရှိ Mingalar Mandalay Shopping Complex (Promotion Area) အတွင်း အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၀၉၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ဦးမောင်သန်းက အလုပ်လက်မဲ့များလျော့ချနိုင်ရေးနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)အားမန္တလေးတိုင်းဒေသကြီး၊ အစိုးအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်သန်း၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဌေးတို့မှဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်သန်းနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် ဖိတ်ကြားထားသူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)