မန္တလေး ဧပြီ ၂၂
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခရိုင်ရုံးစာကြည့်တိုက်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များအတွက် အများပြည်သူဖတ်ရှုရန် စာအုပ်များ လှူဒါန်းပွဲကို ယမန်နေ့ညနေ(၃)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာရေးဆရာမင်းမြတ်မိုး(မန်းမြေ)က အရှင်ဓမ္မိက၏ ဓမ္မမှတ်စုများ စာအုပ်ကို မန္တလေးခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ခရိုင်အတွင်းရှိစာကြည့်တိုက်များသို့ အလှူရှင်ကိုယ်စား ပေးအပ်လှူဒါန်းရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လက်ခံရယူခဲ့ပါသည်။
စာရေးဆရာမင်းမြတ်မိုး(မန်းမြေ)က အရှင်ဓမ္မိက (နေလင်း-ကျောက်ဖူး၊ရေစကြိ)၏ စာအုပ်တွင်ပါရှိသော ဓမ္မကထိကများ၏ မှတ်ဖွယ်မှတ်ရာစာစုများကို စုပေါင်းထားသည့် ဓမ္မမှတ်တမ်း၊ဓမ္မမှတ်စုဖြစ်ရာ အများပြည်သူဖတ်ရှုနိုင်စေရန် ခရိုင်၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်များသို့ အလှူရှင်၏ကိုယ်စား ပေးပို့လှူဒါန်းရကြောင်း ပြောကြားပြီး လက်ထောက်ညွှန်ကြားမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)