ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀) နှစ်မှ (၈၅)အတွင်း ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ပုံပါကျင်            အောက်တိုဘာ            

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ ငွေများကို ယမန်နေ့နှင့်ယနေ့နံနက်ပိုင်းက  ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဘိုးအဘွားတွေကို အခုလိုနိုင်ငံတော်က ထောက်ပံ့ပေးတာ ဝမ်းသာမိသလို ကျေးဇူးလည်း တင်ပါတယ်၊ အလှူအတန်းလေး လည်းလုပ်လို့ရသလို လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ဖို့ အထောက်အပံ့ရတာပေါ့၊ သူတို့ကိုယ်ပိုင်ငွေ ဆိုတာနဲ့တင် သူတို့တွေ ပျော်နေကြပါပြီဟု ပုံပါကျင်မြို့ ဒေသခံတစ်ဦးမှ ပြောသည်။အဆိုပါထောက်ပံ့ငွေ ပေးအပ် ရာတွင် ကိုဗစ်-၁၉ကာလအတွင်း ပုံပါကျင်မြို့ရှိ အသက်(၈၀)နှစ်မှ (၈၅)နှစ်အတွင်း ရှိ သက်ကြီးရွယ်အို ဘိုးဘွား (၄၂) ဦး အား တစ်ဦးလျင် (၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်( ၁၂၆၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများမှ ဘိုးဘွားများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။   

စန္ဒီ(ပြန်/ဆက်)