ဟိုပန်၌ Summer Course For Basic English Grammer သင်တန်းဖွင့်ပွဲပြုလုပ်

ဟိုပန် ဧပြီ ၂၂

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအင်္ဂလိပ်သဒ္ဒါများ ကျွမ်းကျင် တတ်မြောက်မှုရှိစေရန်ရည်ရွယ်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က Summer Course ForBasic English Grammer သင်တန်းဖွင့်ပွဲကို ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်ကအဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများကို သင်တန်းသုံးပစ္စည်းပေးအပ်ခြင်း၊ သင်တန်းအတွက်ထောက်ပံ့ငွေ(၁၀)သိန်းကျပ်ကို ပေးအပ်ရာ မြို့နယ်ပညာရေးမှူးဦးအောင်မိုးက လက်ခံရယူခဲ့ပါသည်။ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်နော်အံကြူးက သင်တန်းအမှာစကားနှင့်မြို့နယ်ပညာရေးမှူးဦးအောင်မိုးက သင်တန်းဖွင့်လှစ်ခြင်းအတွက်ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌက ကျောင်းသား/ကျောင်းသူများကို အားပေးစကားပြောကြားပြီး အားဖြည့်အချိုရည်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဟိုပန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ (ထက်/လယ်/မူ) ကျောင်းသား/ကျောင်းသူ (၁၉၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)