မိုးမိတ် ဧပြီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့်မီး သတိရှိစေရေးတို့အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မဈေးအတွင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က ကုန်ခြောက်သိုလှောင်ထားရှိမှုများနှင့် မြေဩာဇာအရောင်းဆိုင်များ၊ ပန်းတိမ်ဆိုင်များ ထင်းမီးအသုံးပြုသည့် ခေါက်ဆွဲဆိုင်များ၊ မီးဘေးလုံခြုံမှုနှင့် မီးသတိပြုမှုရှိစေရေးတို့အတွက် အလေးထားမှာကြားခဲ့ပြီး၊ မီးဘေးအန္တရာယ်ကို အထူးသတိပြုသုံးစွဲ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မီးသတ်ဆေးဘူးများ ကောင်းမကောင်းနှင့်ရေသိုလှောင်ထားရှိမှုအခြေအနေများ မီးဘေးလုံခြုံရေးစနစ်တကျထားရှိမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)