တာချီလိတ်မြို့၌ " မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဥ်ဖြင့်အသိပညာပေး Talk Show ဆောင်ရွက်

တာချီလိတ် ဧပြီ ၂၂

တိုင်းရင်းသားပြည်သူများ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ယခုကဲ့သို့  Online အသိပညာပေး Talk Show အစီအစဥ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်၊ အမှိုက်မီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ ကားများအင်ဂျင်စက်များမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ သစ်ဆွေးမြေ့မီးလောင်ခြင်းများကြောင့် မီးခိုးမြူငွေ့များဖြစ်ပေါ်လာပုံ၊ မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်ပါက အသက်ရူကျပ်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အဆုတ်ကို ထိခိုက်စေခြင်းစသည့် နောက်ဆက်တွဲ ရောဂါလက္ခဏာများဖြစ်ပေါ်နိုင်ကြောင်း၊ ပတ်ဝန်းကျင်ကောင်းကင်ယံ၌ မီးခိုးမြူငွေ့များ ဖုံးလွှမ်းနေသည့် အခြေအနေမျိုး ကြုံတွေ့ရသည့်အခါ ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လေထုအရည်အသွေးများ နေ့စဥ်တိုင်းတာပြီး လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အေးအေးလတ်