ဥတ္တရသီရိ ဧပြီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါသင်တန်းများကို ရွှေနံ့သာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ကျောင်းသူ ၇၀ ဦးအားလည်းကောင်း၊ မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၇၃ အားလည်းကောင်း၊ တောင်ညိုကျေးရွာအုပ်စု မရမ်းခုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအားလည်းကောင်း၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးအားလည်းကောင်း၊ တက်ရှိန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦးအားလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့လှူဒါန်းရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ သင်တန်းနည်းပြများက လက်ခံရယူကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်-၂ ဦးမျိုးချစ်၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဦးကြိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမိုးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်လျှံဖြိုး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး သင်တန်းတွင် ငါးပါးသီလ၊ ဗုဒ္ဓဝင် ခုနစ်နေ့ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀)ပါး၊ ယဉ်ကျေးခြင်းအပိုင်း(၁)နှင့် (၂)၊ ယဉ်ကျေးလိမ္မာ ဆုံးမစာများအပိုင်း(၁)နှင့် (၂)၊ ကန်တော့ကြမယ်၊ ဒုစရိုက်(၁)ပါး စသည့်ဘာသာရပ်များကို ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)