ညောင်ဦး ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီခွဲက စာအုပ်၊စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်ထံက သိရသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေး၊ နွေရာသီတွင် လူငယ်၊ လူရွယ်များ ပြင်ပဗဟုသုတရှာမှီးရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်များတွင် စာငှားအသင်းဝင်ကတ် ပြုလုပ်ပြီး စာအုပ်၊ စာပေ၊ စာစောင်များငှားရမ်းဖတ်ရှုကြပြီး အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် လူငယ်လူရွယ်များ စာကြည့်တိုက်သို့ လာရောက်စာဖတ်စေလိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါစာ အုပ်စာစောင်ပြပွဲတွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေမည့် သုတ/ရသစာအုပ်များများကိုခင်း ကျင်းပသပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း