ပေါက်တော ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။
အဆိုပါ Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများအတွက် အချိန်ကုန် သက်သာခြင်းနှင့် မိမိဖတ်ရှုလိုသည့် စာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ခြင်း တို့ကြောင့် Mobile Library နစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်း လုပ်ငန်းမှာ စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိပြီး စာအုပ်စာစောင် ငှားရမ်းခြင်းလုပ်ငန်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြသည်။
ထို့ပြင် စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် ပေါက်တောမြို့ အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)