မဟာအောင်မြေ ဧပြီ ၂၁
မန္တလေးမြို့တွင် နွေရာသီရောက်ရှိချိန် အပူဒဏ်ကိုကာကွယ်နိုင်သော ရာသီနှင့်အလိုက် အစားအသောက်များထဲမှ ဖရဲသီးများရောင်းအားကောင်းလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။
"ကျွန်တော်တို့က ရာသီအလိုက် စားသောက်ကုန်တွေရောင်းချတာပါ။ အခုဆို နွေရာသီရောက်တော့ အပူဒဏ်ကလည်းပြင်းတော့ ဖရဲသီးကပိုရောင်းတယ်။ ဒါကြောင့် ဖရဲသီးတစ်မျိုးထဲပဲ တွန်းလှည်းနဲ့ မြို့ပေါ်လှည့်ရောင်းချရပါတယ်။ ဖရဲသီးတွေကတော့ ကုန်းကြီး၊ လက်ရွေးစတဲ့ ဒေသတွေထွက်ရှိပါတယ်။ အရင်းက တစ်လုံးကို (၂၈၀၀) ကျပ်ပေးတယ်။ ပြန်ရောင်းတော့ တစ်လုံးကို(၃၅၀၀)ကျပ်ရောင်းရပါတယ်။ အများဈေးဆိုရင်တော့ ဈေးသက်သာရောင်းပါတယ်။ တစ်နေ့ကို အရင်းဈေးက (၃၀၀၀၀၀)ကျပ်လောက်ကျတယ်၊အမြတ်ကတော့ တစ်နေ့ကို(၃၀၀၀၀)ကျပ်လောက်မြတ်ပါတယ်။ မိသားစုစားဝတ်နေရေးတော့ အဆင်ပြေတာပေါ့။ ဒီနှစ်က မနှစ်ကထက် ပိုရောင်းကောင်းတယ်။ ဖရဲသီးအလုံးတိုင်း အချိုသီးတွေ တင်ရောင်းတော့ ရောင်းအားပိုကောင်းပါတယ်"ဟု ဈေးရောင်းသူ ဦးတင်ဝင်း ထံမှသိရသည်။
အောင်ဇော်မင်း