မိုင်းခတ်၌ ကိုဗစ် ၁၉ စီပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (ဒုတိယ)အကြိမ် မိုးစပါးမျိုးကွဲ နုတ်ပယ်ခြင်းဆောင်ရွက်

မိုင်းခတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (ဒုတိယ)အကြိမ် မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်(၂) တောင်သူဦး ဝင်းကြိုင် လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ကျိုင်းတုံခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းထွန်း၊ မျိုးစေ့တာဝန်ခံ ဦးထွန်းလှ၊ ပိုးမွှားတာဝန်ခံဒေါ်လဲ့လဲ့ထွန်း၊ မြေအသုံးချရေး တာဝန်ခံဒေါ်ခင်ဌေးရီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးယုမောင်နှင့် ဝန်ထမ်းများက မျိုးကွဲနုတ်ပယ်ရခြင်းအကြောင်း၊ ယမ်းစိမ်းပက်ဖျန်း အသုံးပြုခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ပိုးမွှာများကျရောက် လာပါက ကာကွယ်နှိမ်နင်းနည်းများ၊ မျိုးကွဲနုတ်ပယ်ရာတွင် လိုက်နာရမည့်အချက်များကို တက်ရောက်လာသော တောင်သူအားများ အား လက်တွေ့ကွင်းဆင်းပြသခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ သိလိုသည့်မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)