ငါ့သရောက်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ငါ့သရောက်မြို့   ဧပြီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပူးပေါင်းကာ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသောလူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက စာအုပ်ပါအကြောင်းအရာများဖြစ်သည့် လူငယ်လမ်းညွှန်ဟူသော အမည်နှင့်အညီ အတွေ့အကြုံရှိပြီးသော လူကြီးတစ်ဦးက လူငယ်အားလုံးအတွက် ရည်စူး၍ ၎င်း၏စာတွေ့၊ လက်တွေ့ဘဝနှင့် ယှဥ်သောအတွေ့အကြုံများကို ကိုးကားကာ လိုက်နာကျင့်သုံးအပ်သည့်တို့ကို ထုတ်နုတ်ဆွေးနွေးခဲ့သည်။

အဆိုပါစာအုပ်တွင် လူငယ်များအနေဖြင့် ရည်မှန်းချက်ပန်းတိုင်နှင့်ပတ်သက်၍ ဝိုးတဝါးဖြစ်နေကြသော၊ အပေါင်းအသင်းမှား၍ လမ်းပျောက်နေကြသော လူငယ်များကိုကြည့်၍ မိဘတစ်ဦးအနေဖြင့် လည်းကောင်း၊ ဆရာတစ်ဦးအနေဖြင့်လည်းကောင်း၊ မိတ်ဆွေတစ်ဦးအနေဖြင့်လည်းကောင်း၊ စိတ်ပညာရှင်တစ်ဦးအနေဖြင့်လည်းကောင်း ယင်းသို့ လမ်းပျောက်နေသူ၊ လမ်းလွဲနေသူ၊ လမ်းစရှာမရသူ လူငယ်များကို လမ်းဖော်ပေးခြင်း၊ လမ်းမှန်တည့်ပေးခြင်း၊ လမ်းစရှာပေးခြင်းတို့ကို ရေးသားထားခြင်းဖြစ်သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများကလည်း စာအုပ်ပါခေါင်စဥ်ခွဲများဖြစ်သည့် လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ဘာသာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကြီးပွားရေး၊ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ၊ လူငယ်နှင့်အိမ်ထောင်ရေး အစရှိသည့်များထဲမှ မိမိတို့နားမလည်းသော အကြောင်းအရာများကို မေးမြန်ခဲ့ရာ ဒေါ်အေးအေးမိုးမှ ရှင်ပြပေးခဲ့ကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)