ကျိုင်းလပ် ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏''အသိနှင့်ပညာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club နှင့် Youth Club တို့ ပူးပေါင်းပြီး စာဖတ်ဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပေါင်းများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး Book Club အဖွဲ့မှ ဦးဇော်မင်းက အသိကို ပညာဟုထင်ပြီး ရပ်နေလျှင် မှားပြီ၊ ပညာဖြင့် တွေးခေါ်မြော်မြင်မှ ရနိုင်သည်အသိကို အခြေခံ၍ ပညာရအောင်၊ ပညာပြည့်၀အောင် အားထုတ်ကြရမှာဖြစ်ကြောင်းနှင့် Youth Club အဖွဲ့မှ ဒေါ်သရဖီက လူမူဆက်ဆံရေးအရည်အသွေးသည် မိသားစု၊ ရပ်ရွာ၊ လူ့အဖွဲ့အစည်းအတွင်းတွင် မဖြစ်မ နေလိုအပ်သောအရာမှာ လူမူဆက်ဆံရေးဖြစ်ပြီး လူမူဆက်ဆံရေးမပြေပြစ်လျှင် အောင်မြင်သင့်သလောက် ခရီးမရောက် လူမူဆက်ဆံရေးနည်းနာသည် လူတိုင်းအတွက် အရေးကြီးကြောင်း ဖတ်ကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မေဇင်ဦး (ပြန်/ဆက်)