ဘီးလင်း ဧပြီ ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပထမအကြိမ် (အခမဲ့)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ဘုန်းတော်ကြီးသင်စာသင်တိုက်များမှ ရဟန်း၊ သာမဏေများ၊ သီလရှင်ဆရာလေးများ Delivery များ၊ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများ၊ စည်ပင်ဝန်ထမ်းများ၊ စာပို့ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများကို ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တာဝန်ယူထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ခွေးရူးပြန်ရောဂါကာကွယ်ဆေးပထမအကြိမ်(အခမဲ့)ထိုးနှံပေးခြင်းကို ဧပြီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ နေ့စဥ်နံနက် ၉ နာရီ မှ ညနေ ၄ နာရီအတွင်း ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် ကာကွယ်ဆေးအလုံး(၄၀၀)ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဧပြီ ၂၇ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)