တောင်ဥက္ကလာပ ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက် (၁၁) နာရီအချိန်ကစ၍ အမှတ်(၁၄)ရပ်ကွက်၊ မြလေးလမ်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်း၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သန္ဓေသားအနေအထားမှန်ကန်မှုရှိ၊မရှိ စစ်ဆေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အာဟာရများဖြင့်ဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တောင်ဥက္ကလာပမြို့နယ် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြက်ဥ၊ ကွေကာအုပ်များလှူဒါန်းခဲ့ရာ ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၂၀)ဦး တက်ရောက်လက်ခံရယူခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)