အလုံ ဧပြီလ ၂၁
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်းချီရေး ဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးသူများနှင့် သင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ ကာတွန်းနေမင်းအား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းနှင့် သင်တန်း ထူးချွန်ဆုရရှိသူများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းတို့ကို တက်ရောက်သူများမှ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမဖွဲ့ဝင် (၂) ဦးမောင်မောင်၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်သတင်းစာ ဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆုရရှိသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)