မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း Book Club ပြန်လည်ဖွဲ့စည်း

မရမ်းကုန်း  ဧပြီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ဒေသခံစာရေးဆရာများနှင့်ညှိနှိုင်းပူးပေါင်း၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ  က Book Club ဖွဲ့စည်းခြင်းဖြင့်  စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိလာစေမည်ဖြစ်ပါကြောင်း၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိ အမြင်များ အပြန်အလှန်နှီးနှောဖလှယ်ပြီး မေးမြန်းဆွေးနွေးတက်လာစေမည်ဖြစ်ပါကြောင်းနှင့် စာပေလောကပိုမိုတိုးတက်လာဖြစ်ပါကြောင်း ထို့အတွက်ကြောင့် ယခုလို Book Club အဖွဲ့ကိုပြန်လည် ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club  အဖွဲ့ဝင်များမှရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအကြောင်းအရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)