တရုတ်နိုင်ငံကကျင်းပသည် "SCO Students' Talk Taiknoauts of Shen-Zhou-15" ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှကျောင်းသားများ ပါဝင်တက်ရောက် လေ့လာ

ရန်ကုန်   ဧပြီ   ၂၁

ရှမ်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization - SCO) အဖွဲ့ဝင်နိုင်ငံများအကြား "SCO Students' Talk Taiknoauts of Shen-Zhou-15 " ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံက ကြီးမှူးကျင်းပသော Online ဆွေးနွေးပွဲကို လသာမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း ကြီးကြပ်ရေးမှူးရုံးတွင် Online စနစ်ဖြင့် ယနေ့နံပိုင်းက ကျင်းပရာ မြန်မာနိုင်ငံမှ အထက်တန်းအဆင့် ကျောင်းသား ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

အထက() ဒဂုံမှ ကျောင်းသားကျောင်းသူ ()ဦး၊ အထက() လသာမှ ကျောင်းသားကျောင်းသူ ()ဦး၊ အထက() မင်္ဂလာဒုံမှ ကျောင်းသားကျောင်းသူ ()ဦး၊ သုဝဏ္ဏ အထကမှ ကျောင်းသား ကျောင်းသူ ()ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်တာဖြစ်ပါတယ် အခုက (Shanghai Cooperation Organization SCO) ပထမဆုံးဖိတ်တာ ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲကို တက်ရောက်တဲ့ကလေးတွေအနေနဲ့ အာကာသအတွင်း အာကာသယာဉ်မှူးတွေ နေစဉ်လုပ်ဆောင်ချက်တွေ၊ အာကာသယာဉ်မှူးတွေရဲ့ နေထိုင်ပုံတွေကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်၊ အခုနှစ်မှာကတော့ လေ့လာသူအဖြစ်သာ တက်ရောက်နားထောင်ပြီး နောင်နှစ်တွေမှာ ပါဝင်ဆွေးနွေးသွားမှာပါဟု" အထက() မင်္ဂလာဒုံမှ ဆရာမ ဒေါ်မော်မော်က ပြောကြားသည်။

"SCO Students' Talk Taiknoauts of Shen-Zhou-15" သို့ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံ အပါအဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး နောင်နှစ်များတွင်းလည်း မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ တက်ရောက်ပါဝင်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)