ဗဟန်း ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ညနေ ၃ နာရီ က စာပေချစ်မြတ်နိုးသူများနှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ခိုင်မင်း(နေပြည်တော်) ရေးသားသည့် အဖေခေါ်ခွင့်၊ သားခေါ်ခွင့် ဝတ္ထုတို့ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှူး က စာဖတ်ဝိုင်းကျင်းပခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာခိုင်မင်း(နေပြည်တော်) က သား၊ သမီးများကို လမ်းမှားမရောက်ဖို့ လိုတိုး ပိုလျှော့ သွန်သင်ဆုံးမရမည်မှာ မိဘများ၏တာဝန်ဖြစ်ကြောင်းနှင့် သား၊ သမီးများက မိဘအပေါ် ပြန်လည်ထားရှိရမည့် မေတ္တာတရားများ စသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ဝတ္ထုတိုတွင်ပါရှိသော အကြောင်းအရာများ၊ ထင်မြင် ယူဆချက်များကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
စန္ဒာမိုး