ရွာငံ ဧပြီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ၊ ရွာငံမြို့နယ် ခြေခံပညာဦးစီးဌာနနှင့်နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့ တို့၏ကူညီပံ့ပိုးမှု၊ ကျောက်ပုံကျေးရွာ မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အ.လ.က (ခွဲ)ကျောက်ပုံ၌ ကျင်းပဲ့ခဲ့သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၂)ဦးရာဇာငြိမ်းချမ်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဒေသပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ နီပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့) အမှုဆောင်ဒါရိုက်တာနှင့် ရွာငံမြို့နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုအားပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းနှင့်အတူ အမှတ်တရ သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၂) ဦးရာဇာငြိမ်းချမ်းမှလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဓနုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်မှ လည်းကောင်း၊ ဒေသပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးဦးခင်ဇော်ထွန်းမှလည်းကောင်း၊ နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ အမှုဆောင်ဒါရိုက်တာဦးတင်လေးတို့က အသီးသီး အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သောစာရွက်စာတမ်းများအား စေတနာအဖွဲ့နှင့် ကျောင်းဆောင်ဆောက်လုပ်ရေးကော်မတီမှ မြိုနယ်ပညာရေးမှူးသို့ပေးအပ်ပြီး နိပွန်ဖောင်ဒေး ရှင်းစေတနာအဖွဲ့မှ လူထုဖွံ့ဖြိုးရေးကော်မတီသို့ လူထုဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း (၁၇၀) အား ပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အထိမ်းအမှတ်အလံများအား နေရာအရောက် ပေးအပ်ကာ ဒေသခံကိုယ်စား ကော်မတီတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်သည် ပေ (၁၂၀ × ၃၀) အရွယ် RC (၁) ထပ်ကျောင်းဆောင်ဖြစ်ပြီး စုစုပေါင်းဆောက်လုပ်ရေးကုန်ကျငွေ (၁၁၆၂၄၆၈၂၀ ) ကျပ်ဖြင့်ဆောက်လုပ်ကြောင်း သိရသည်။
ရွာငံ (ပြန်/ဆက်)