မန်ကန် ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြသခဲ့သည်။
ထိုသို့ ပြသရာတွင် လူငယ်များအကြိုက် စာအုပ်စာစောင်များ၊ ဗဟုသုတရဖွယ်စာအုပ်စာစောင်များ၊ ကာတွန်းစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ အားကစား၊ ဂီတနှင့် ရုပ်ရှင်အကြောင်းအရာပါသော စာအုပ်စာစောင် များကိုပြသပေးခြင်း၊ နံရံကပ်စာစောင်တွင် လူငယ်များအကြိုက် ဆောင်းပါးများ၊ ကာတွန်းများ၊ ရုပ်ရှင်နှင့် ဂီတမှတ်တမ်းဓာတ်ပုံများကို ပြသပေးခဲ့ရာ ဒေသခံလူငယ်များမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်းနှင့် လငယ်များအကြိုက် ပြိုင်ပွဲအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးကပ်(ပြန်၊ဆက်)