အမ်းမြို့နယ်အတွင်းရှိ အသေးစားအလတ်စား MSME လုပ်ငန်းရှင်များအား မှတ်ပုံတင်ကပ်ပြားများ ပြုလုပ်ပေး

အမ်း ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အတွင်းရှိ အသေးစား အလတ်စား MSME လုပ်ငန်းရှင်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် MSME လုပ်ငန်းရှင်များ တွေဆုံပွဲ လမ်းညွှန်ချက်အရ အသေးစား အလတ်စား MSME လုပ်ငန်းရှင်များအား ယနေ့နံနက် ၁၀ နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အသေးစား အလတ်စား MSME  မှတ်ပုံတင်ကပ်ပြားများအား  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အသေးစားအလတ်စား MSME  မှတ်ပုံတင်ကပ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက အသေးစားအလတ်စား MSME  မှတ်ပုံ တင်ကပ်ပြားပြုလုပ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သော အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 ဆက်လက်၍ အသေးစား၊ အလတ်စား MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းကြရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး‌ဖြေကြားကာ တက်ရောက်လာသည့် အသေးစား၊ အလတ်စား MSME လုပ်ငန်းရှင်များက မှတ်ပုံတင်ကပ်ပြားများအား  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)