မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များ ဗဟုသုတကြွယ်ဝစေရေး စာအုပ်ပြပွဲကျင်းပ

မက်မန်း ဧပြီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် လူငယ်များ အသိပညာဗဟုသုကြွယ်ဝစေရေး ရည်ရွယ်၍ လူငယ်ရေးရာစာအုပ်ပြပွဲကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြသခဲ့သည်။

ထိုသို့ ပြသရာတွင် လူငယ်များအကြိုက် စာအုပ်စာစောင်များ၊ ကလေးများအကြိုက် ကာတွန်းနှင့် ရုပ်ပြ စာအုပ်များ၊ နိုင်ငံတော်အနုပညာရှင်များ၊ နိုင်ငံကျော် ဘောလုံးသမားများ၏ စာအုပ်များ၊ စာပေနှင့် ဂီတ အကြောင်းများ၊ ရုပ်ရှင်များအကြောင်း စာအုပ်များကို လူငယ်များစိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထား သည်။ ထို့ပြင် လူငယ်များ လေ့လာနိုင်စေရေအတွက် ဂီတနှင့်ပတ်သက်သော စာအုပ်များ၊ ဂိမ်းများနှင့် ပတ်သော စာအုပ်များ၊ နည်းပညာပိုင်းဆိုင်ရာ စာအုပ်များကိုလည်းပြသပေးခဲ့ရာ လူငယ်များမှာ စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး စာအုပ်များကို ဆက်လက်ဖတ်ရှုနိုင်ရေး ငှားရမ်းခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)