လားရှိုး ဧပြီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက လားရှိုးခရိုင် ပညာရေးမှူးရုံး၌ ကျင်းပရာ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မြို့မိမြို့ဖများ၊ လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် လူရည်ချွန်ရရှိသော ကျောင်းသား/ကျောင်းသူများ အနေဖြင့် နိုင်ငံတော်၏ ကျေးဇူးကိုသိတတ်ပြီး နိုင်ငံအတွက်ထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ဖြစ်ကြပါစေကြောင်း၊ မကြာမီလေ့လာရေး ခရီးစဉ်သွားရောက် ရမည်ဖြစ်သည့်အတွက် ကျန်းမာရေးကိုဂရုစိုက်စေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များက ဂုဏ်ပြုဆုငွေ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် လူရည်ချွန်ရရှိသော ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူရည်ချွန်ရ ကျောင်းသား/ကျောင်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်ဆက်