ကျိုက်ထိုမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းကုသပေး

ကျိုက်ထို  ဧပြီ  ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နှစ်ဦးအလှူအဖြစ် အထူးကုဆရာဝန်ကြီးများမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် (အခမဲ့) ကျန်းမာရေး စစ်ဆေးကုသခြင်းကို ယမန်နေ့နံနက် နာရီတွင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်၊ ကျိုက်ထိုမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုး၊ အထူးကုဆရာဝန်ကြီး ()ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များ စစ်ဆေးကုသပေးပြီး  ဆေးဝါးများ အခမဲ့ လှူဒါန်းပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကြက် ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)