ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များကိုသိရှိစေရန် Talk Show ရိုက်ကူးထုတ်လွှင့်

ဇေယျာသီရိ ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များကိုသိရှိစေရန် Talk Show ရိုက်ကူးထုတ်လွှင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။      

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်တို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ အလေးအလုပ်သမား၏ အသက်အရွယ်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးများကို အကာအကွယ်ပေးထားသည့် ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားများလျော့ချရန် ဆောင်ရွက်သင့်သည့် နည်းလမ်းများအကြောင်းကို  ဆွေးနွေးခဲ့သည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)