မိုင်းတုံ ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် စစ်ဦးစီးတက္ကသိုလ်(ကလော)ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်မြဝင်းနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မိုင်းတုံခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တစ်ဦးချင်း မိတ်ဆက်ပြီးနောက် စစ်ဦးစီးတက္ကသိုလ်(ကလော)ဒုတိယကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ်ကျော်မြဝင်းက ဒီနေ့ဖိတ်ခေါ်တွေ့ဆုံရခြင်းမှာ ကျွန်တော်အနေနဲ့ မိုင်းတုံမြို့နယ်မှာ ယခင်ကတာဝန်ထမ်း ဆောင်ခဲ့ဘူးသည့်အတွက် ဌာနဆိုင်ရာအားလုံး ကိုသတိရတဲ့အနေနဲ့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ယခင်ကလည်းဌာနဆိုင်ရာများနှင့် ညီအကိုတွေ လိုနေခဲ့တာဖြစ်ကြောင်း၊ ယခုဆိုရင်းမိုင်းတုံမြို့က အရင်ကထက်အများကြီးဖွံ့ဖြိုးတိုးတက် နေပြီးဖြစ်သည့်အတွက် ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အားလုံးက စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလို့ကြောင်း ဌာနဆိုင်ရာများ အနေနဲ့လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက လည်းတင်ပြပေးနိုင် ကြောင်း၊ တင်ပြပေးချက်များကိုလည်း မှတ်သားပေးသွားမှာဖြစ်ကြောင်း စသည်တို့ကို အကျယ်တစ်ဝန်း မိတ်ဆက်စကားပြောကြားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)