ဥတ္တရသီရိ ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာပေဖတ်ရှုသည့် အလေ့အထများ ပေါ်ထွန်းလာစေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေးရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည်တိုက် ကလေးစာဖတ်ခန်းအတွင်း၌ ပုံပြင်ပြောခြင်း၊ စကားပုံဆက်ခြင်းနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်၌ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းတို့က ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)