တပ်ကုန်းမြို့နယ်၌ နွေရာသီ ကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်

တပ်ကုန်း ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ​မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အ​ခြေခံအထက်တန်းကျောင်း(ခွဲ)တို့တွင် နွေရာသီ ကျောင်းပိတ်ရက်  ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းများရှိ ဓမ္မာရုံတွင် ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်း၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး၊ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညီညီထွေးက သင်တန်းဖွင့်လှစ် သင်ကြားရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ယဉ်ကျေးလိမ္မာသင်တန်းအတွက် သင်ထောက်ကူပစ္စည်းအဖြစ် စာအုပ်၊ ဘော့ပင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၁၀၀ ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၁၅၀ ဦး၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ကျောင်းသူ ၁၁၀ ဦး၊ တက်ရောက်သင်ကြားပြီး၊ သင်တန်းတွင် ငါးပါးသီလ၊ အခြေခံ​ဗုဒ္ဓဝင်၊  ယဉ်ကျေးခြင်း အပိုင်း(၁)နှင့်(၂)၊ ယဉ်ကျေးလိမ္မာဆုံးမ စာ ဘာသာရပ်များကို ဧပြီလ ၂၀ ရက်မှ ၂၅ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်