မိုင်းစံမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

မိုင်းစံ  ဧပြီ ၂၀

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၂)ရက်နေ့ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ထုံးတမ်းအစဥ်အလာ မပျက်သက်ကြီးဝါကြီးအဘိုးအဘွားပူဇော်ခြင်းကို ဧပြီလ ၁၈ ရက်နေ့ နေ့လည်၃ နာရီ အချိန်ခန့်က မိုင်းစံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုတို့က နမောတဿ(၃) ကြိမ်ရွတ်ဆိုဘုရား ကန်တော့သည်။

ထို့နောက်သက်ကြီး အဘိုး အဘွားများအားလှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ဘိုးဘွားတို့အား ပူဇော်ကန်တော့ခဲ့ကြသည်။ ယင်းနောက် ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။ ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ကန်တော့ပွဲတွင် အသက်(၈၅) နှစ်နှင့်အထက် အဘိုးအဘွား (၃ )ဦး အား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)