ပင်လောင်း ဧပြီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စင်းတောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် လုံးပြင်ကျေးရွာအုပ်စု၊ တောင်မဲသင်း၊ နန်းနိမ့်၊ လုံးပြင်၊ ပင်ပုံ စသည့် ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ၍ စင်းတောင်းကျေးရွာသို့ ရောက်ရှိနေသော အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၂၄၀)ဦးတို့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်လိုအပ်သော ပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးဦးဆောင်၍ သွားရောဂါကုဌာနမှ ဒေါက်တာသော်လှိုင်ကို၊ စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးဝေလျံထက်နှင့် ကျန်းမာရေးဝန်ထမ်း (၁၀)ဦးတို့မှ ကျန်းမာရေးစောင့်ရှောက်မှုလာရောက် ခံယူသောပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ သွားရောဂါရှိသူများအား စစ်ဆေးခြင်းတို့အား စနစ်တကျ မှတ်တမ်းရေးသွင်းပြီး စစ်ဆေးတွေ့ရှိချက်များအရ ဖြစ်ပွားလျက်ရှိသော ရောဂါများနှင့်သက်ဆိုင်သည့် ဆေးဝါးများထိုးနှံပေးခြင်း၊ သောက်သုံးရမည့် ဆေးဝါးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများကို သက်ဆိုင်ရာစုရပ်များအလိုက် ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)