ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး ရှောင်တခင်စစ်ဆေး

ဥတ္တရသီရိ ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မော်တော်ယာဉ် မောင်းနှင်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေးနှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အင်ကြင်းပန်းအဝိုင်းအနီး၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စစ်ဆေးခြင်းတွင် ဥတ္တရသီရိမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၃)မှ ဒုရဲအုပ် စုရှိန် ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် မောင်းနှင်သူများ ယာဉ်လိုင်စင် ရှိ၊ မရှိ၊ ယာဉ်မောင်းလိုင်စင် ရှိမရှိ၊ ဆိုင်ကယ်စီးဦးထုပ် ပါ၊ မပါနှင့် နှစ်ဦးထက် ပိုမိုစီးနှင်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)