ပုဗ္ဗသီရိမြို့နယ်တွင် အသက် ၈၀ နှစ်အထက် အဘိုးအဘွား ၄၁ ဦးအားပူဇော်ကန်တော့ပွဲ ပြုလုပ်

ပုဗ္ဗသီရိ ဧပြီ ၁၉

ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်အထက် အဘိုးအဘွား ၄၁ ဦးအားပူဇော် ကန်တော့ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ပူဇော်ကန်တော့ရာတွင် ဇဝနဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမျိုးဝင်းနှင့်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများက  ဇဝနဒီပရပ်ကွက် အတွင်းရှိအသက်  ၈၀ နှစ်အထက် အဘိုးအဘွားများအား တစ်ဦးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် အဘိုး အဘွား ၄၁ ဦးကို ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)